ကျွန်တော်နှင့်ဘန်ကောက်အကြိုနေ့များ ၃
ဘန်ကောက်သို့ငွေလွှဲခြင်း
အဲ့အချိန်တုန်းက master card , visa card ကမြန်မာပြည်မှာရှားတဲဗျ
အဲ့တော့ အွန်းလိုင်း booking အွန်လိုင်း shopping ခေတ်မရှိသလောက်ပေါ့ဗျာ.
အဲ့ဒါကို ဟိုဘက်က booking agency က သူ့တို့ အကောင့်ထဲ ငွေလွှဲပါတဲ့
ဒါနဲ့ အကူအညီမတောင်းချင်ပဲ Bkk က ကျွန်တော့ အမျိုးသမီး
သူငယ်ချင်း ကိုအကူအညီတောင်းရတော့တာပေါ့
သူငယ်ချင်းကလည်းပိုက်ဆံအရမ်းပေါ်နေ့တော့
အကူအညီပေးရှာပါတယ်.
အဲ့လောကိပိုက်ဆံ သူ့မှာမရှိဘူးတဲ့ ....
ကိစ္စကပြတ်ရော........
ငွေလွှဲဖို့စိတ်ညစ်နေတဲ့အချိန်မှာပဲ....
အဲ့ဒီ ပိုက်ဆံတွေ ပေါတဲ့သူငယ်ချင်းက အကြံပေးတယ်
ရန်ကုန်မှာ Bkk က bank ရုံးခွဲ လာဖွင့်တယ်တဲ့ အဲ့မှာမေးကြည့်ပါလားတဲ့
Ok ပြီကွဆိုပြီ အဲ့bank ကိုပြေး
Bank ထဲကိုဝင် .....
လူတွေများဗျာ နည်းနည်းနော်နော် မဟုတ်ဘူး...
တယောက်မှကိုမတွေဘူး...
ဒါနဲ့ ဟို ဘက်ကိုကြည့် လိုက် ဒီဘက်ကြည့်လိုက်နဲ့ လုပ်နေချိန်မှာ
လုံခြုံရေးတစ်ယောက်ထွက်လာြဿီး လာမေးတယ်ဗျ
အကျိုးအကြောင်းပြောပြတော့ သူက မန်နေဂျာနဲ့တွေ့ပေးမယ်တဲ့
ခဏစောင့်ပါတဲ့
သြော် မန်နေဂျာနဲ့တောင်တွေ့ပေးမယ်ဆိုတော့ အဆင်ပြေပြီပေါ့ဆိုပြီ
သက်တောင့် သက်သာ ပဲ ဆိုဖာပေါ်ထိုင်နေတုန်း.
"မောင်လေးတို့ကဘာလုပ်ချင်တာလည်း"
" ဟုတ်ကဲ့ အမ Bkk မှာရှိတဲ့ အမတို့ ဘဏ်ကိုငွေလွှဲချင်လို့ပါ"
"သြော်ဒါလား ဒါကတော့ အမတို့ ဘဏ်မှာ ဒီလို ဝန်ဆောင်မှူမျိုးမရသေးဘူးကွဲ့"
"အမတော့ ဘဏ်က အခုမှ ဖွင့်ဖို့လုပ်နေတုန်းတဲ့
"ဟုတ်ကဲ့ပါအမ ကျေးဇူးတင်ပါတယ်နော်"
ကဲဒါနဲ့ ဘောင်းဘီအိပ်ထဲက ဖုန်းထုတ် မိန်းမရှိဆတ် အဆင်မပြေ
ကြောင်းပြောတော့ AGD ဘဏ်ကိုသွား အဲ့မှာငွေလွှဲလို့ရတယ်တဲ့
ဒါနဲ့မသေချာမှာဆိုးလို့ ဘဏ်ကိုဖုန်းဆတ် တော့ မြို့ထဲက ရုံးချုပ်
ကိုသွားပါတဲ့ အဲ့ဒီမှာငွေလွှဲလို့ရတယ်လို့ပြန်ပြောပါတယ်
ဒီတခါတော်သေချာပြီ ကွ ဆိုပြီ AGD ဘဏ်ကိုသွား ငွေလွှဲ ခြင်လို့
ပါဆိုတော့ အပေါ်ထပ်ကိုကြွပါတယ့်
အပေါ်လည်းရောက်ရော Bkk ကိုငွေလွှဲမယ်ဆိုတော့ ဒီမှာက
Local ပဲလွှဲလို့ရတာပါတဲ့ အပေါ်ကိုထပ်ကြွပါတဲ့
အပေါ်ကိုထပ်ရောက်တော့
"ဘာကူညီပေးရပါမလည်းရှင်"
ဟုတ်ကဲ့ Bkk ကိုငွေလွှဲခြင်လို့ပါ"
"ဟုတ်ကဲ့ရှင့် ဒီဘက်ကိုကြွပါနော်"
"ဟုတ်ကဲ့ ဘာအတွက်လွှဲမှာလည်းမသိဘူး" ဆိုတော့
ကျွနိတော်က အကျိုး အကြောင်းပြောပြတော့
အားနာပါတယ်ရှင် ကျမတို့ ဘဏ်က ဒီလိုဝန်ဆောင်မှူမျိုးမရပါဘူတဲ့
နိုင်ငံခြားကနေ ပစ္စည်းဝယ်တာတို့ ကားဝယ်တာတို့အတွက်ပဲရပါတယ်တဲ့
ဒါတောင် ဝယ်သူရဲ့ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းတွေလိုပါတယ်တဲ့
ထုံးစံအတိုင်း ဘောင်ဘီအိပ်ထဲက ဖုန်းထုတ် မိန်းမရှိဆတ်တော့
မြို့ထဲမှာ လူတစ်ယောက်ရှိတယ် အဲ့မှာ ငွေလွှဲလို့ရတယ်လို့သူငယ်ချင်း
ကပြောတယ်တဲ့
သူမိဘတွေလည်း သူငွေလိုရင်အဲ့ ကနေပဲလွှဲပေးတာတဲ့
သူ့ဘဏ် အကောင့်ထဲကိုလွှဲလိုက် သူကနေတဆင့် booking ကိုငွေပြန် လွှဲပေးမယ်တဲ့
ကဲ ဒါနဲ့ မြို့ထဲကိုသွား လိပ်စာကိုရှာ ငွေလွှဲ သူ့ဟာနဲ့သူ အိုကေနေတာပဲဗျ
ခက်တာက ငွေတွေ အများကြီး လွှဲတဲ့ဟာ ဘောက်ချာမပါ
ကိုက ငွေပေးခဲ့ ရတယ်
သူတို့ကစကားလေးတစ်ခွန်းပဲပြောတယ်
အကိုတို့ ညနေကြရင်ငွေလွှဲပေးလိုက်မယ်တဲ့
အဲ့တော့ ဟိုဘက်ကို ငွေဘယ်ချိန်ရောက်မလည်း မသိပဲ
အိမ်ပြန်ယုံမှတပါး တခြားမရှိတော့ပေ။
zawgyi
အကူအညီပေးရှာပါတယ်.
ကိစ္စကပြတ်ရော........
Bank ထဲကိုဝင် .....
တယောက်မှကိုမတွေဘူး...
လုံခြုံရေးတစ်ယောက်ထွက်လြာဿီး လာမေးတယ်ဗျ
ခဏစောင့်ပါတဲ့
ကပြောတယ်တဲ့
ကိုက ငွေပေးခဲ့ ရတယ်

Comments
Post a Comment