ရှင်ဆံတော် (ထားဝယ်မြို့)
ရှင်ဆံတော် (ထားဝယ်မြို့) zawgyi ရှင်ဆံတော်(ဆံတော်ရှင်) ဘုရား ထားဝယ်မြို့ ရှင်ကိုးရှင်ထဲက တစ်ဆူပါ ရန်ကုန်ကနေထားဝယ် သွားတဲ့လမ်းပေါ်မှာ ပထမဆုံးဖူးမျှော်ရမယ့်ဘုရားဖြစ်ပါတယ် တောင်ပေါ်ကိုတော့ မိနစ်အနည်းငယ်တက်ရပါတယ် တောင်တက်မက်တာရယ် အတက် အဆင်းတစ်လမ်းထဲရယ် ဆိုတော့ ကားမောင်းရင်သတိထားမောင်းရပါမယ် ဘုရားလည်းဖူးရင်း တောင်ပေါ်ရှုခင်းလေးတွေလည်းခံစားလို့ရတယ်ဗျ ဘုရားဖူးပြီးနေ့ခင်းစာ စားမယ်ဆိုရင် ထားဝယ်လမ်းပေါ် တံတားလေးကျော် လိုက်တာနဲ့ ထမင်းဆိုင်တွေရှိပါတယ် ဘုရားပေါ်မှာလည်း ဆိုင်တွေရှိတယ်ဗျ ကျနော်တို့ကတော့ တံတားနားကဆိုင် မှာပဲစားလိုက်တယ် ကျနော်တို့စားနေတုန်း ဘုရားဖူး ကားတွေလည်း ခရီးသွားကားတွေလည်း အဲ့ တံတားနားကဆိုင်တွေမှာပဲစား ကြတာတွေတယ်ဗျ ထားဝယ်ကိုဆက်သွားမယ် ဆိုရင်တော့ ခန့်မှန်းခြေ ၂နာရီ လောက်တော့ ဆက်သွားရမယ်