ကျွန်တော်နဲ့ဘန်ကောက်အကြိုနေ့များ ၄
မနက်တာရှည်သောနေ့တစ်နေ့ အာမခံချက်မရှိပဲ ငွေပေးငွေယူလုပ်ရတာ တော်တော်စိတ်ဒုက္ခရောက်ရပါတယ် အခုလည်း ဘန်ကောက်ကိုငွေဘယ်အချိန်ဘယ်လိုလွှမလည်း မသိပဲငွေအကုန်ပေးခဲ့ရတော့အိပ်မပျော် မိန်းမကပိုဆိုးသည် ။ ကျွန်တော်ကိုဖုန်းဆတ်ခိုင်း ငွေလွှဲပြီးပြီးလားလို့အကြိမ်ကြိမ် မေးခိုင်းသည်။ ကျွန်တော် ဖုန်းဆတ်မေးတိုင်းလည်း ပြန်ဖြေတာက တစ်ခွန်းတည်း "အခြေအနေကောင်းတာနဲ့ အကိုတို့လွှဲပေးပါ့မယ်တဲ့" သူတို့ဘယ်နေ့အခြေအနေကောင်းမလည်းမသိ ကျွန်တော်ကတော့ အခြေအနေမကောင်းတော့ပေ နောက်နေ့မိုးလင်းတာနဲ့ မိန်းမက ဘန်ကောက်က သူငယ်ချင်းကိုငွေရောက်ပြီလားလှမ်းမေးတော့ မရောက်သေးပါ ထုံးစံအတိုင်း ကျွန်တော့ဘက်ကိုလှည့်ပြီးတော့ ပွားတော့တာပေါ့ ဒါနဲ့ ကျွန်တော်လည်း ငွေလွှဲတဲ့သူရှိ ဖုန်းဆတ်ပြီး ပွားမယ် အလုပ် သူက ညီလေးရေ န့ခင်းလောက်တော့ အခြေအနေကောင်းမယ် ထင်တယ် အကို လွှဲပြီးတာနဲ့ ညီလေးရှိဖုန်းဆတ်လိုက်မယ် ပြောပြီးဖုန်းချသွားလေရဲ့ ကဲဘာတက်နိုင်မှာလည်း နေ့ခင်းထိ စောင့်ယုံပဲပေါ့ဆိုပြီး Tv ရှေ့ ငုတ်တုတ်ထိုင်ကြည့်ရင်း မနက်တာရှည်တဲ့ မနက်ခင်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ် နေ့ခင်းဆိုတာ ဘယ်အချိန်ကိုပြောတာလည်းတော့မသိဘူးဗျ ၂ နာရီ ထိုး...