ကျွန်တော်နဲ့ဘန်ကောက်အကြိုနေ့များ ၄
မနက်တာရှည်သောနေ့တစ်နေ့
အာမခံချက်မရှိပဲ ငွေပေးငွေယူလုပ်ရတာ တော်တော်စိတ်ဒုက္ခရောက်ရပါတယ်
အခုလည်း ဘန်ကောက်ကိုငွေဘယ်အချိန်ဘယ်လိုလွှမလည်း
မသိပဲငွေအကုန်ပေးခဲ့ရတော့အိပ်မပျော်
မိန်းမကပိုဆိုးသည် ။ ကျွန်တော်ကိုဖုန်းဆတ်ခိုင်း ငွေလွှဲပြီးပြီးလားလို့အကြိမ်ကြိမ်
မေးခိုင်းသည်။ ကျွန်တော် ဖုန်းဆတ်မေးတိုင်းလည်း
ပြန်ဖြေတာက တစ်ခွန်းတည်း "အခြေအနေကောင်းတာနဲ့ အကိုတို့လွှဲပေးပါ့မယ်တဲ့"
သူတို့ဘယ်နေ့အခြေအနေကောင်းမလည်းမသိ ကျွန်တော်ကတော့
အခြေအနေမကောင်းတော့ပေ
နောက်နေ့မိုးလင်းတာနဲ့ မိန်းမက ဘန်ကောက်က
သူငယ်ချင်းကိုငွေရောက်ပြီလားလှမ်းမေးတော့ မရောက်သေးပါ
ထုံးစံအတိုင်း ကျွန်တော့ဘက်ကိုလှည့်ပြီးတော့
ပွားတော့တာပေါ့
ဒါနဲ့ ကျွန်တော်လည်း ငွေလွှဲတဲ့သူရှိ ဖုန်းဆတ်ပြီး ပွားမယ် အလုပ်
သူက ညီလေးရေ န့ခင်းလောက်တော့ အခြေအနေကောင်းမယ်
ထင်တယ် အကို လွှဲပြီးတာနဲ့ ညီလေးရှိဖုန်းဆတ်လိုက်မယ် ပြောပြီးဖုန်းချသွားလေရဲ့
ကဲဘာတက်နိုင်မှာလည်း နေ့ခင်းထိ စောင့်ယုံပဲပေါ့ဆိုပြီး Tv ရှေ့ ငုတ်တုတ်ထိုင်ကြည့်ရင်း မနက်တာရှည်တဲ့
မနက်ခင်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်
နေ့ခင်းဆိုတာ ဘယ်အချိန်ကိုပြောတာလည်းတော့မသိဘူးဗျ
၂ နာရီ ထိုးတဲ့အထိ ဖုန်းသံကတိတ်နေတုန်း
မိန်းမကလည်းဖုန်းထပိဆတ်ခိုင်း ကျွန်တာ်ကလည်း
အားနာတော့ ထပ်မဆတ်ချင်
ဒါနဲ့ မိန်းမကိုချော့ပြီး ဖုန်းထိုင်စောင့်နေတုန်း
၃ နာရီ ထိုးခါနီးလောက်မှာ ဖုန်းလာတယ်ဗျ
ညီလေးရေ အကိုငွေလွှဲပြီးသွားပြီနော်တဲ့
ဟူး ............
အဲ့ခါမှပဲသက်ပြင်းချနိုင်တော့ပါတယ်ဗျာ
zawgyi
မနက္တာ႐ွည္ေသာေန႔တစ္ေန႔
အာမခံခ်က္မ႐ွိပဲ ေငြေပးေငြယူလုပ္ရတာ ေတာ္ေတာ္စိတ္ဒုကၡေရာက္ရပါတယ္
အခုလည္း ဘန္ေကာက္ကိုေငြဘယ္အခ်ိန္ဘယ္လိုလႊမလည္း
မသိပဲေငြအကုန္ေပးခဲ့ရေတာ့အိပ္မေပ်ာ္
မိန္းမကပိုဆိုးသည္ ။ ကြၽန္ေတာ္ကိုဖုန္းဆတ္ခိုင္း ေငြလႊဲၿပီးၿပီးလားလို႔အႀကိမ္ႀကိမ္
ေမးခိုင္းသည္။ ကြၽန္ေတာ္ ဖုန္းဆတ္ေမးတိုင္းလည္း
ျပန္ေျဖတာက တစ္ခြန္းတည္း "အေျခအေနေကာင္းတာနဲ႔ အကိုတို႔လႊဲေပးပါ့မယ္တဲ့"
သူတို႔ဘယ္ေန႔အေျခအေနေကာင္းမလည္းမသိ ကြၽန္ေတာ္ကေတာ့
အေျခအေနမေကာင္းေတာ့ေပ
ေနာက္ေန႔မိုးလင္းတာနဲ႔ မိန္းမက ဘန္ေကာက္က
သူငယ္ခ်င္းကိုေငြေရာက္ၿပီလားလွမ္းေမးေတာ့ မေရာက္ေသးပါ
ထံုးစံအတိုင္း ကြၽန္ေတာ့ဘက္ကိုလွည့္ၿပီးေတာ့
ပြားေတာ့တာေပါ့
ဒါနဲ႔ ကြၽန္ေတာ္လည္း ေငြလႊဲတဲ့သူ႐ွိ ဖုန္းဆတ္ၿပီး ပြားမယ္ အလုပ္
သူက ညီေလးေရ န့ခင္းေလာက္ေတာ့ အေျခအေနေကာင္းမယ္
ထင္တယ္ အကို လႊဲၿပီးတာနဲ႔ ညီေလး႐ွိဖုန္းဆတ္လိုက္မယ္ ေျပာၿပီးဖုန္းခ်သြားေလရဲ႕
ကဲဘာတက္ႏိုင္မွာလည္း ေန႔ခင္းထိ ေစာင့္ယံုပဲေပါ့ဆိုၿပီး Tv ေ႐ွ႕ ငုတ္တုတ္ထိုင္ၾကည့္ရင္း မနက္တာ႐ွည္တဲ့
မနက္ခင္းတစ္ခုကို ျဖတ္သန္းခဲ့ရပါတယ္
ေန႔ခင္းဆိုတာ ဘယ္အခ်ိန္ကိုေျပာတာလည္းေတာ့မသိဘူးဗ်
၂ နာရီ ထိုးတဲ့အထိ ဖုန္းသံကတိတ္ေနတုန္း
မိန္းမကလည္းဖုန္းထပိဆတ္ခိုင္း ကြၽန္တာ္ကလည္း
အားနာေတာ့ ထပ္မဆတ္ခ်င္
ဒါနဲ႔ မိန္းမကိုေခ်ာ့ၿပီး ဖုန္းထိုင္ေစာင့္ေနတုန္း
၃ နာရီ ထိုးခါနီးေလာက္မွာ ဖုန္းလာတယ္ဗ်
ညီေလးေရ အကိုေငြလႊဲၿပီးသြားၿပီေနာ္တဲ့
ဟူး ............
အဲ့ခါမွပဲသက္ျပင္းခ်ႏိုင္ေတာ့ပါတယ္ဗ်ာ
Comments
Post a Comment