မိုးရာသီကျိုက်ထီးရိုးဘုရားဖူးခရီး
ကျိုက်ထီးရိုးကို ရောက်ဖြစ်တဲ့ နွေရာသီနဲ့ ဆောင်းရာသီ တွေများတယ်။ အခုလိုမိုးတွင်းကြီး သွားဖြစ်တာတော့ ပထမဆုံးအကြိမ်ပါ။ ကျနော်တို့ ရန်ကုန်ကနေ စထွက်တုန်းက တော့ မိုးမရွာဘူးဗျ ။ ကင်ပွန်း စခန်းရောက်တော့ မနက် ၁၀ နာရီ ၃၀ လောက်ရှိပြီ ။ ရာသီဥတုက သာယာနေလိုက်တာ မိုးတွင်းလို့တောင်မထင်ရဘူး။ ဘုရားဖူးကားတွေ အရမ်း မများ ပေမယ့် အရမ်းလည်းမနည်းဘူး။ တချို့ဆိုင်တွေကတော့ ပိတ်ထားတာပေါ့ဗျာ။ ကျနော်တို့လည်း ကားရပ်ပြီး တောင်တက်ကားတွေရှိသွားတဲ့ လမ်းမှာ အဒေါ်ကြီးတစ်ယောက် က မိုးကားတွေဝယ်သွားဦးမလား တောင်ပေါ်မှာဆိုဈေးကြီးတယ်နော် ဒီမှာတစ်ထည်မှ ၁၀၀၀တည်း ဆိုပြီးမိုးကာ လှမ်းရောင်းတယ်။
zawgyi
အစကတော့ ဝယ်ဖို့ အစီအစဉ်မရှိဘူးဗျ ။ ရာသီဥတုက သာယာနေတာကိုး။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်က တစ်ထည်မှ တစ်ထောင်တည်းပါ လိုလိုမယ်မယ် ဝယ်သွားကြမယ်ဆိုပြီး ဝယ်လိုက်ကြတယ်
‌ တောင်တက်ကားစထွက်တော့ မိုးလေးနည်းနည်းရွာတယ်။ ကားအရှိန်ကြောင် ရေတော့နည်းနည်းပတ်တယ်။ တချိ ု့ ကတော့မိုးကားဝတ်ထားတော့ အေးဆေး ။ ကျနော်တို့က မိုးကာ မဝတ် တော့ တိုင်နည်းနည်းပတ်တယ် ။ ဒါနဲ့ မိုးကာ ခြုံပြီး နေလိုက်တယ် ။ လမ်းမှာ အရင်အခေါက်တွေတုန်းက မတွေရတဲ့ ရေတံခွန် တွေလည်းတွေ့ရတယ်။ ကျနော်တို့ အဖွဲ့အပြင် ကားပေါ်က တခြားအဖွဲ့တွေ ရော အော်လိုက်ကြ ဆလ်ဖီ ရိုက်ကြနဲ့ တော်တော်ပျော်ဖို့ကောင်းခဲ့ပါတယ်
‌ ဘုရားရင်ပြင်ပေါ်ရောက်တော့ မိုးတိတ်သွားတယ် ။ မိုးတိတ်တယ်ဆိုပေမယ့် မိုးအုံနေတော့ နည်းနည်းအေးသလိုရှိတယ်ဗျ ။ ဘေးပက်ပက်လည်မှာ မြူ တွေဆိုင်းနေတော့ တောင်ပေါ်ကနေ အောက်ကို ကြည့်လိုက်ရင် တိမ်တွေပေါ်ရောက်နေသလိုခံစားရတာဗျ။
zawgyi
ရင်ပြင်ပေါ်ရောက်တော့ ၁၁း၃၀ ဝန်းကျင်လောက်ရှိပြီ။ ဒါနဲ့ ထမင်းအရင်စားကြမယ်ဆိုပြီး ထမင်းဆိုင်တွေရှိသွားကြတယ်။ ဘုရားဖူးနဲတဲ့ အချိန်ဆိုတော့ ဖွင့်တဲ့ဆိုင်နည်းတယ် ။ ဒီလိုနဲ့ အဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်ရွေးနေတုန်း မိုးနည်းနည်းရွာလာတယ်။ပျော်သွားတယ်။ ဘာလို့လည်းဆိုတော့ မိုးမရွာလည်း မိုးကာဝတ်ပြီး ဖေ့ဖုတ် တင်မယ်လို့ဆုံးဖြတ်ထားတုန်း ရွာတော့ပျော်တာပေါ့။ ဒီလိုနဲ့ ဆိုင်ထဲဝင် ထမင်းဟင်းမှာ စားနေတုန်း မိုး က တိတ်လိုက်ရွာလိုက်ပဲ။ တခါတစ်လေ အရမ်း သည်းတယ်။ ထမင်းဆိုင်ဆိုလို့ ထမင်း ဆိုင်တွေက သိပ်မဖွင့်တော့ အဲ့ဒီဆိုင်မှာပဲ လူတိုးနေတော့ ဝန်ဆောင်မှု့တော့ နည်းနည်းညံသွားတယ်။ ပန်းကန်မလောက်တာတော့ ဇွန်းမလောက်တာတို့တော့ဖြစ်တာပေါ့။
‌ ထမင်းစားပြီးဘုရာဖူးမယ်လုပ်တော့ မိုးက သည်းချက် လုံးဝမတိတ်တော့ဘူး။ တောင်ပေါ်မှာဆိုတော့ လေလည်းတော်တော်ပါတယ်။ မိုးထဲရေထဲဘုရာဖူးတဲ့သူကဖူး မိုးခိုတဲ့လူကခို့ ကလေးတွေကတော့ ပျော်ပြီးဆိုနေလိုက်တာ ပျော်စရာကြီးဗျ။ တကယ်ဆိုမိုးတွေအရမ်း ရွာတာ မိုးကာလည်း မနိုင်ဘူး ။ နည်းနည်းပါးပါးတော့ ဆိုတယ်။ဒါပေမယ့်ပျော်ဖို့ကောင်းပါတယ်။
zawgyi
ဆိုးတာက ပြန်တဲ့ အချိန် ကားစောင့်တာ။ မိုးတွေက ရွာ တောင် ဆင်းကားက နည်းတော့ တော်တော်တိုင်ပတ်တာပဲ။ အဓိက ကတော့ စည်းကမ်းမရှိတာ ။ ကားကမရောက်သေးဘူး လူတွေကို ကားပေါ်ကို ခိုတက် တွယ်တက် နဲ့ တော်တော် ရုပ်ပျက်တယ်။ နိုင်ငံခြားသားတွေဆိုကြည်နေကြတယ်။ တန်းစီတာဆိုလို့ လူကြီးတွေ အမျိုးသမီးတွေနဲ့ နိုင်ငံခြားသားတွေပဲရှိတာကိုး။ အဲ့က ပန်းရောင်းတဲ့သူဆိုပြောတယ် ဒါက ဘာမှ မဟုတ်သေးဘူးတဲ့ ပွဲတော်နေ့တွေဆို ပိုဆိုးတယ် ရဲတောင်မနိုင်ဘူးပြောတယ်။ နောက်ဆုံးမစောင့်နိုင်တဲ့အဒေါ်ကြီးတွေ(ဘုရားဖူးကားနဲ့ လာတယ်ထင်ရ )ငါတို့ကို ကားက မစောင့်ရင်ဘယ်လိုလုပ်မလည်း သူများတွေပါကုန်ပြီးဆိုပြီး သူတို့ပါတွယ်တက်ရကော။မိုးကရွာတယ် ရောတွေနဲ့ချော နေတာ ကျိုက်ထီးရိုး တောင်တက်တောင်ဆင်း ကားတွေက လည်း သိတဲ့ အတိုင်းအမြင့်ကြီးဆိုတော့ ချော်ကြရင်ဘယ်လိုလုပ်မလည်း။ဒါပေမယ့် ဘုရားဖူးအရိပ်အောက်မှာရှိလို့လားမသိ တစ်ယောက်မှ မချောလည်းကြဘူး။ ကျနော်တို့ကတော့ တိုးမတက်ပဲစောင့်နေကြတယ်။ ခဏနေတော့ ကား၄ စီး ၅ စီးလောကါဆက်တိုက်လာကြတယ်။ အကုန်လုံးအဆင်ပြေသွားကြတယ်(ခဏ လို့ပြောတာ နှစ် နာရီနီးပါး စောင့်ပါတယ်)။
‌ ရန်ကုန်အပြန်လမ်းမှာတော့ ထုံးစံအတိုင်း စိမ်းလဲ့တင်ဝင်ကြပါတယ်။အဲ့မှာဆော့ ကစားပြီးမှရန်ကုန်ပြန်ကြတယ်။
‌ ကျနော့်ရဲ့ မိုးရာသီ ကျိုက်ထီးရိုး ခရီးစဉ် အမှတ် တရလေးပါပဲ ။
zawgyi
Comments
Popular posts from this blog
ဆန္ဒန်ဂူ လှေဆိပ်
ရှင်ဥသြစေတီ(17.04.17)