ဂေါ်ဇီလာကြီး ကျွန်တော်

ကျွန်တော်တို့ငယ်ငယ်တုန်းက သူရဲကောင်း

ရုပိရှင်ကားတွေတော်တော်များများပေါ်လာ

တဲ့အချိန်ပေါ့

စူပါမင်း တို့ ပါဝါရိန်းဂျားတို့ ဘတ်မင်း တို့ က

ကျွန်တော်တို့ဘဝတွေပေါ့

တစ်ချို့ကလေးတွေ ဆို စူပါမင်း လိုအတောင်ပံ

တပ်ခုန်ချ လို့ဆေးခန်းရောက်တဲ့သူရောက်

တစ်ချို့က ကာတွန်းကားတွေ ထဲကလို စအိုကို လေးထိုးပြီး

မိုးပေါ်မြောက်အောင်လုပ်လို့ ဆေးရုံ ရောက်တဲ့သူကရောက်ပေါ့

အဲ့လိုဖြစ်တဲ့အချိန်မှာ ကျွန်တော်လည်း ဂေါ်ဇီလာ

ဖြစ်ခဲ့ဘူးတယ်

အဲ့အချိန် ကျွန်တော်ကြည့်တဲ့ဂေါ်ဇီလာတွေက

ပါးစပ်ထဲ ကနေ မီးမှုတ်လို့ရတယ်ဗျ

ဘာလို့လည်းတော့မသိဘူး

အခုလိုစာတန်းထိုးကားဆိုတာမှမရှိသေးတာ

ရှိလည်းနားလည်မှာမဟုတ်ပါဘူး

စာတောင်ကောင်းကောင်းမဖတ်တက်သေးပဲကိုး

အဲ့ဒါနဲ့ပဲ ကျွန်တော်လည်း ဂေါ်ဇီလာ ရူး ရူး

ပြီး တွေ့ကရာမီးလိုက်မှုတ်တာပေါ့

တစ်နေ့ ကျနော့်ထက် အနည်းငယ်ကြီးတဲ့ သူတွေနဲ့ ရန်ဖြစ် တော့

သူတို့က ခဲနဲ့ပေါက် ဒါကို ကျွန်တော်က အညံမခံပဲ

ဂေါ်ဇီလာကြီးလိုမီးနဲ့မှုတ်လိုက်ရမလားဆိုပြီး

တဝူး ဝူးနဲ့ မီးနဲ့လိုက်မှုတ်တာ

အမေ အဆွဲမြန်လို့ပေါ့ နို့မို့ဆို ခဲမှန်ပြီး ဆေးခန်း ပြေးရဦးမှာ


ဒီအကြောင်းအရာကိုကျွန်တော်ကိုတိုင် မမှတ်မိပါ

မိသားစုစကားဆုံတိုင်း အမေပြောပြောပြီးရယ်နေကျ

မို့ ပါ


ကလေးငယ် တစ်ယောက်ရဲ့ ဘဝက အဖြူရောင်

လေးပါ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး

အရောင်ပြောင်းသွားတက်ပါတယ်လို့

zawgyi

တဲ့အချိန်​​ပေါ့
ဖြစ်​ခဲ့ဘူးတယ်

မို့ ပါ


Comments

Popular posts from this blog

ဆန္ဒန်ဂူ လှေဆိပ်

ရှင်ဥသြစေတီ(17.04.17)