ဖုန်းလူး​ချောင်းသာ

ဟိုးအရင်​တုန်းက ရန်​ကုန်​က​နေ ​ချောင်းသာ သွားဖို့
ဆိုရင်​ ဇာတ်​နဲ့ နှစ်​ခါကူးပြီးမှ ​ချောင်းသာကို သွားရတယ်
သ​င်္ဘော ကို​စောင့်​ အချိန်​​တွေပုတ်​ပြီး ​တော်​​တော်​ကြာ​အောင်​သွား
ခဲ့ရတယ်
ကဲ အခု​တော့ တံတား​တွေထိုးလိုက်​​တော့ ဘာမှ​စောင့်
စရာမလိုပဲ ​အေး​ဆေးသွားလို့ရသွားပြီ
ကိုယ်​ပိုင်​ကားနဲ့သွား ရင်​ ၄ နာရီ ၅နာရီ​လောက်​ဆို
ပင်​လယ်​ထဲ​ရေ ကူးလို့ရ​နေပြီ​လေ ။ ဒါ​ကြောင့်​တချို့​တွေက
ချောင်းသာကို​နေ့ချင်​ပြန်​သွားကြတယ်​။
  အခုလည်း မိန်းမ က​ချောင်းသာမှာ ရွာသည်​ ချက်​တဲ့
ဟင်းစားချင်​တယ်​ ဆိုလို့ အလုပ်​နားရက်​ ​လေး တစ်​ညအိပ်​သွား
ကြမယ်​​ပေါ့
အစီအစဉ်​​တွေဆွဲ မနက်​ ၅ နာရီ ခွဲ​လောက်​ရန်​ကုန်​ က​နေ
စထွက်​ ပုသိမ်​မှာ မနက်​စာစား ​အေး​ဆေးပဲ.
စားပြီး​သောက်​ပြီး ​ချောင်​သာကိုဆက်​​မောင်း သာယာလိုက်​တာ
သီချင်း​လေးဖွင့်​ စကား​တွေ​ပြော ပြီးကား​မောင်း​နေတုန်း
ချောင်းသာ​ရောက်​ခါနီး ၇ မိုင်​​လောက်​အလိုမှာ စ​တွေ့တာပဲဗျာ
လမ်းလွဲမှ​မောင်းပါတဲ့
ကြည့်​လိုက်​​တော့ဖုတ်​လမ်း
သြော်​ ​မောင်း​ပေါ့ တခြားခရီး​တွေသွားလည်း လမ်းပြင်​​နေတဲ့ အခါ
လမ်းလွဲက​မောင်းရတာပဲ​လေ. ခဏ ​လေး​မောင်းပြီးရင်
လမ်း​ကောင်း​ပေါ်ပြန်​တက်​ ​အေး​ဆေးပြန်​​မောင်း​ပေါ့ ဆိုပြီး
မောင်းလိုက်​တာ
ဖုတ်​ကလည်း ထူ ကတက်​လမ်း​တွေဆို ဖုတ်​နဲ့လူး​​နေလို့
မနည်းထိန်းတက်​ အဆင်းဆို ဘရိတ်​ နင်းတာ​တောင်​ ဖုတ်​​တွေနဲ့
လူပြီး​လျှော ကျလို့မနည်း​မောင်း
လမ်မှာလည်းတခြားကား​တွေမရှိ
ဖုတ်​နစ်​ရင်​​တော့​သေပြီ​ပေါ့
ဒီကြားထဲ မိန်းမက လမ်​မှာ​နေလားမသိဆိုပြီး​ပြော
ကံ​ကောင်းချင်​​တော့လူတစ်​​ရောက်​​တွေတယ်
မေးကြည့်​​တော့ ၈ မိုင်​​လောက်​​မောင်းရမယ်​တဲ့
မောင်းလိုက်​ရတဲ့ ၈ မိုင်​ တစ်​နာရီနီးပါဖှုတ်​ ​တော်​ထဲမှာလူပြီး ​ချောင်းသာအ​ရောက်​သွားခဲ့ရတာ
ပင်​လယ်​ကြီးလည်းမြင်​​ရော အရင်​တုန်းက ညစ်​ပတ်​​နေတဲ့​ချောင်းသာ ကမ်း​ခြေကြီးက
သန့်​ရှင်း​နေပုံများဗျာ ဖှုတ်​​တော်​မှာ လူးခဲ့ရတဲ့ အ​မော​တွေ
အကုန်​​ပျောက်​ကုန်​တာပဲ

၃၀.၁. ၁၆

Comments

Popular posts from this blog

ဆန္ဒန်ဂူ လှေဆိပ်

ရှင်ဥသြစေတီ(17.04.17)