Rap- ရဲကျော်
featuring -phyu phway
Music by akp2
Rap...:1.....0000 to 0400 Duty Time...
Rule 5 အရ Look Out
Rule 6 အရ Safe Speed နဲ့ မောင်းနေပေမယ့် ခေါင်းထဲရောက်ရောက်လာတာ မင်းနဲ့ တွေ့ထိတဲ့ အကြောင်း မေးစေ့နဲ့ နှခေါင်း နှုတ်ခမ်းနဲ့ အနမ်း အရမ်းကြမ်း မှန်စတေကာကပ်ထားတဲ့ ကားထဲ အသံတွေပါထွက်တယ်
ပြန်ရေကာတွက် ဖို့ ခက် တဲ့ အနမ်းပေါင်း တစ်သိန်း လေးသောင်း ကရိန်းလေးချောင်း နဲ့ GC
ကျနော် ရယ် AB ရယ် ၂ကောင်ထည်း မှောင်မည်းတဲ့ Bridge ပေါ်မှာ Duty စောင့်ရင်း Ruby လက်ကျန်လေး ကောက်ခဲ
မနေ့က ၆ ခွဲ ထိ ဒိုင်စားထားပေမယ့် ဟိုအဝေးကို ကြိုတွေးထားတဲ့ အနာဂတ်ကြောင့်ပဲ
ကိုယ့် အတွေးနဲ့ကိုယ် Taster Choice Coffee လေးကိုနမ်းရင်း Premier 2 plus 1 Coffee လေးကိုလွမ်းတယ်
လမ်းဘေး လက်ဖက်ရည်ဆိုင် ခုံပုပု လေးတွေ ပေါ်မှာ နင်ဖျော်ပေးခဲ့ အဲ့ ကော်ဖီလေး ကို စောက်ရမ်းလွမ်းတယ်......
Cho: ညတွေ..... အထက်ကောင်းကင်ထဲ ကြယ်လေးတွေ လင်းလက်နေတယ် ရေတွက် ရင်းမအိပ်နိုင်တဲ့
ငါ့ ညတွေအလယ်...မြင်နေတဲ့ မင်းပုံရိပ်တွေ ဖျောက်ဖျက်မရလို့...
အချစ်ရေ ...လွမ်းလှပါပြီ ...ပြန်ခဲ့မယ် ....ရင်ခွင် ပန်းမွေ့ယာဆီ....အဖော်မစုံတဲ့ ညတွေရယ်
ငါစည်းချက်မကျခဲ့....သံစဉ်လေးညည်းနေရင်း အလွမ်းများမိတ်ဖွဲ့ကာ...
သန်းခေါင်ယံကျော်သည်ထိ ငါ အိပ်စက်မရခဲ့ ....ယောင်ယောင် ငါ ခေါ် နေမိ ...
ဒါ .....မင်းရဲ့ အကြောင်းပဲ........။
Rap ...: 2... နင်မရှိတော့ လည်း လူကြုံ နဲ့ ထည့်ပေးလိုက်တဲ့ မျှင်ငပိတွေ ဖုတ်ပြီးတော့ သုပ်စားပလိုက်တယ်
ကျုပ်တအားကြိုက်တယ်...လက်ကိုင်ပဝါမှာပါ သုတ်ထားလိုက်တယ်..(အမှတ်တရ ရနံ့လေး)
မင်းမရှိတဲ့ နေ့ ....နေ့တာတွေရှည်...မင်းမရှိတော့ ငါ့...ညတာတွေရှည်....လေပါတယ်ကွာ..
ထားလိုက် ငွေရှာမယ်ငါ ...ငွေရှာမယ် ...ဆွေသဟာအလယ်မှာ နင်မျက်နှာမငယ်စေရဘူး...
ယုံစမ်းပါ ...ငါ ဟဲ့ယောက်ျား ဘကြီးသား ...ဆရာကြီးပါကွာာာ...
မိုးကုပ်စက်ဝိုင်း ဟိုဘက်ထိပ်က ထွက်ပြီး ဒီဘက်ထိပ် ကို ဝင်သွားတဲ့ ပိုးစုန်းကျူးး မျိုးမတုန်းဘူးး
အဲ့ ဒါ ငါ့ဘော်ဒါ ပဲ ... ငါ မျှော်တာ အမြဲ ...ပိုးစုန်းကျူး ( ခေါ်) လေယဉ်ပျံ ကိုစီးဖို့
Article ပြည့် ရင်တော့ လာခေါ် မှာပဲ လေ...မဟုတ်ဘူးလားး...
တခါခါ တော့လည်း မိုးကောင်းကင်သို့ ကြိုးတချောင်းငင် လို့ ...
နင့်ဆီ ပြန် လာချင်တယ်...အမှန်ပါ ခင်ရယ်...
အဆင်ပြေရဲ့ လား ...အဆင်ပြေရဲ့ လား လို့ ဖုန်းထဲကမေးရင် ....အဆွေးဘုရင် ကျနော်....
ပြေပါတယ်....ပြေပါတယ်....ဆိုပြီး လိမ်ပြောရတာ ပိုရင်မောတယ်ကွာာ....ကိုယ်ဖွင့်ပြောမယ်လာ....
ဒီနားတိုး...ကျီစားလို့...ခွီစရာတချို့ နဲ့...ရှီရှားအိုး...အတူစွဲ ခဲ့တဲ့ နေ့ ရက်တွေ ကို လွမ်းလို့....
Cho: ( သန်းခေါင်ယံကျော်သည်ထိ ငါ အိပ်စက်မရခဲ့ ....ယောင်ယောင် ငါ ခေါ် နေမိ ...
ဒါ .....မင်းရဲ့ အကြောင်းပဲ.........။) * 2
Comments
Post a Comment